ယာဇီဒီအမျိုးသမီးတစ်ဦးအကြောင်း
တစ်နှစ်သား-သားငယ်ကို ရိုက်နှက်သဖြင့် အိုင်ဆစ်စစ်သွေးကြွမုဒိမ်းပြုကျင့်ခြင်းကို ခွင့်ပြုပေးလိုက်ရသည့် ယာဇီဒီအမျိုးသမီးတစ်ယောက်အကြောင်း အိုင်ဆစ်များက သူမတို့၏အိမ် များကိုစီးနင်းပြီး သူမတို့အား လိင်ကျွန်များအဖြစ်ခေါ်ဆောင်သွားခဲ့ပြီးသည့်နောက် ယာဇီဒီအမျိုးသမီးနှစ်ယောက်မှ အိုင်ဆစ်လက်ထဲတွင် သူမတို့ခံစားခဲ့ရသည့် -- သူသူငါငါ စိတ်ကူး၍ပင်မရနိုင်သော -- ရက်စက်မှုများကို ပြန်လည်ပြောပြခဲ့ကြသည်။ အသက် ၁၉ နှစ် အရွယ် ကလေးမိခင်မှ -- သူမအနေဖြင့် သူမအားဖမ်းဆီးထားသူမှ အလိုရှိသည့်အချိန်တိုင်း မုဒိမ်းကျင့်ချင်သလိုကျင့်ရန် ခွင့်ပြုပေးခဲ့ရကြောင်း၊ အကြောင်းမှာ သူမမှ ငြင်းဆန်မှုပြုခဲ့ပါလျှင် သူမ၏ တစ်နှစ်အရွယ် သားငယ်ကို ရိုက်နှက်သည်ဖြစ်ရာ ထိုဖြစ်ရပ်ကို သူမမခံစားနိုင်၍ဖြစ်ကြောင်း ပြောပြခဲ့သည်။ သူမ၏သားငယ်ကို ငဲ့ကွက်နေ၍သာ သူမကိုယ်ကို အဆုံးမစီရင်ပဲ လူ့လောကထဲ ဆက်လက်ရှင်သန်နေခြင်းသာဖြစ်သည်။ သူမအား ဒုတိယမြောက်ဝယ်ယူခဲ့သူမှ အရွယ်အိုမိခင်တစ်ဦးနှင့် သူမ၏သမီးငယ်တို့ကို မုဒိမ်းကျင့်ခဲ့သည်။ အသက် ၂၅ နှစ် အရွယ် ဒုတိယအမျိုးသမီးမှာမူ ရက်စက်သောတဏှာရူးများထံ တစ်ယောက်ပြီးတစ်ယောက် ရောင်းချခြင်းခံခဲ့ရသည်။ ထိုသူများက သူမမည်သူမျှမလှုပ်...