ယာဇီဒီအမျိုးသမီးတစ်ဦးအကြောင်း



တစ်နှစ်သား-သားငယ်ကို ရိုက်နှက်သဖြင့် အိုင်ဆစ်စစ်သွေးကြွမုဒိမ်းပြုကျင့်ခြင်းကို ခွင့်ပြုပေးလိုက်ရသည့် ယာဇီဒီအမျိုးသမီးတစ်ယောက်အကြောင်း
အိုင်ဆစ်များက သူမတို့၏အိမ်များကိုစီးနင်းပြီး သူမတို့အား လိင်ကျွန်များအဖြစ်ခေါ်ဆောင်သွားခဲ့ပြီးသည့်နောက် ယာဇီဒီအမျိုးသမီးနှစ်ယောက်မှ အိုင်ဆစ်လက်ထဲတွင် သူမတို့ခံစားခဲ့ရသည့် -- သူသူငါငါ စိတ်ကူး၍ပင်မရနိုင်သော -- ရက်စက်မှုများကို ပြန်လည်ပြောပြခဲ့ကြသည်။
အသက် ၁၉ နှစ် အရွယ် ကလေးမိခင်မှ -- သူမအနေဖြင့် သူမအားဖမ်းဆီးထားသူမှ အလိုရှိသည့်အချိန်တိုင်း မုဒိမ်းကျင့်ချင်သလိုကျင့်ရန် ခွင့်ပြုပေးခဲ့ရကြောင်း၊ အကြောင်းမှာ သူမမှ ငြင်းဆန်မှုပြုခဲ့ပါလျှင် သူမ၏ တစ်နှစ်အရွယ် သားငယ်ကို ရိုက်နှက်သည်ဖြစ်ရာ ထိုဖြစ်ရပ်ကို သူမမခံစားနိုင်၍ဖြစ်ကြောင်း ပြောပြခဲ့သည်။ သူမ၏သားငယ်ကို ငဲ့ကွက်နေ၍သာ သူမကိုယ်ကို အဆုံးမစီရင်ပဲ လူ့လောကထဲ ဆက်လက်ရှင်သန်နေခြင်းသာဖြစ်သည်။ သူမအား ဒုတိယမြောက်ဝယ်ယူခဲ့သူမှ အရွယ်အိုမိခင်တစ်ဦးနှင့် သူမ၏သမီးငယ်တို့ကို မုဒိမ်းကျင့်ခဲ့သည်။
အသက် ၂၅ နှစ် အရွယ် ဒုတိယအမျိုးသမီးမှာမူ ရက်စက်သောတဏှာရူးများထံ တစ်ယောက်ပြီးတစ်ယောက် ရောင်းချခြင်းခံခဲ့ရသည်။ ထိုသူများက သူမမည်သူမျှမလှုပ်နိုင်အောင် မော်ဖင်းတိုက်ပြီး ကုတင်၌တွဲချည်ထားခဲ့သည်။ သူမကို ဆိုးဆိုးဝါးဝါးရိုက်နှက်ခဲ့ရာ နှစ်လကြာသည်ထိ လမ်းမလျှောက်နိုင်ဖြစ်ခဲ့ရသည်။
ခန်ကီဒုက္ခသည်စခန်း၌ အိုင်ဆစ်လက်ထဲသူမတို့ကြုံတွေ့ခဲ့ရသည့် စက်ဆုပ်ရွံရှာဖွယ် အဖြစ်မှန်ဇာတ်လမ်းများနှင့် ယင်းမှမည်ကဲ့သို့ သူမတို့လွတ်မြောက်ခဲ့သည့်အကြောင်းများကို MailOnline သို့ ရင်ဖွင့်ခဲ့ကြသည်။
ပြီးခဲ့သည့်သြဂုတ်က အိုင်ဆစ်တို့မှ အီရတ်မြောက်ပိုင်းရှိ ယာဇီဒီမိန်းကလေး ၂၀၀ ကျော် ကို သူမတို့အိမ်များမှ ပြန်ပေးဆွဲသွားခဲ့ပြီးနောက် သေသေချာချာ အကွက်ကျကျစီစဉ်ပြီး လိင်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။
ထိုအထဲမှ အလှပဆုံးသောသူများကို လိင်ကျွန်လေလံပွဲကျင်းပရာအိမ်များသို့ ပို့ဆောင်သည်။ ထိုအိမ်များ၌ တစ်ကိုယ်လုံး ချွတ်ပြထားရပြီး အမြင့်ဆုံးဈေးပေးနိုင်သူကို ရောင်းချသည်။
ငယ်ရွယ်သော ကလေးအမေဖြစ်သည်လည်း လေလံပစ်ခံရသည်ပင်ဖြစ်သည်။ မည်သူမည်ဝါဟူသည် မသိစေရန် သူမ၏ အမည်ကို ရီဟန်ဟု အမည်လွှဲပေးလိုက်ပါမည်။ ပြီးခဲ့သည့်သြဂုတ်က အိုင်ဆစ်များက သူမကို စင်ဂျာမြောက်ပိုင်း ရွာလေးတစ်ရွာရှိ သူမ၏အိမ်မှ ပြန်ပေးဆွဲသွားကြသည်။
"ကျွန်မယောက်ျား၊ ကျွန်မကလေးနှင့်အတူ ရှိနေတုန်း အိုင်ဆစ် ၃၀ လောက် ကျွန်မတို့အိမ်နားကို မောင်းလာတယ်" ဟု သံလွင်ရောင်အသားအရေ၊ နက်မှောင်သောဆံကသောပိုင်ရှင် မိန်းကလေးက သူမ၏ကလေးငယ်ကို လက်ထဲတွင်ချီထားရင်း ပြောကြားသည်။
ဆွန်နီအစွန်းရောက်များက သူမတို့ကို ဖမ်းခေါ်ပြီး မိုင် ၅၀ ဝန်းကျင်ဝေးသည့် တယ်လ်အဖာမြို့ကို ခေါ်သွားကြသည်။ ၎င်းမြို့၌ အမျိုးသမီးနှင့် ကလေးများကို ယောက်ျားသားများမှ ခွဲထုတ်လိုက်သည်။
ရီဟန်နှင့် အခြားယာဇီဒီအမျိုးသမီး ၂၀၀ ဝန်းကျင်ကို စာသင်ကျောင်းတစ်ခုတည်းတွင် ရောင်းကုန်တစ်ခုသဖွယ် ခင်းကျင်းပြသထားပြီး ရီဟန်ကို အသက် ၅၀ နှစ် အရွယ် အီရတ်-တာ့ခ်(တူရကီ)လူမျိုး တိုက်ခိုက်ရေးသမားထံသို့ ရောင်းချခြင်းခံရသည်။ ထို တဏှာရူးမှ သူမကိုကျွန်အဖြစ် ဝယ်ယူခြင်းအတွက် မည်မျှပေးခဲ့ရကြောင်းကိုမူ သူမမသိပါ။
အလွန်ရက်စက်လှသော ထိုသူအကြောင်း ပြောကြားစဉ်တွင် သူမ၏အသံမှာ ကြောက်ရွံ့မှုဖြင့် တုန်ခါနေသည်။ ထိုသူက ရီဟန်ကို ၎င်း၏အိမ်သို့ ခေါ်သွားသည်။ ထိုအိမ်၌ ၁၀ လ ခန့် ရီဟန်နေခဲ့ရသည်။
ကနဦး၌ ထိုသူမုဒိမ်းကျင့်ခြင်းကို ရီဟန်မှလက်မခံခဲ့ချေ။ သို့သော် ထို တာ့ခ်လူမျိုးမှ သူမ၏ တစ်နှစ်အရွယ်သားငယ်ကို သူမမျက်စိရှေ့မှောက်၌ပင် ရိုက်နှက်သည်သည်တွင် သူမသည်လည်း ကလေးကိုငဲ့ကွက်၍ ထိုသူပြုသမျှနုခဲ့ရသည်။
"ကျွန်မသားလေးအတွက် ဒီလူလိုချင်တဲ့ အရာရာကို ပေးခဲ့ရပါတယ်" ဟု သားငယ်ကို ရင်ခွင်ထက်၌ အနည်းငယ်ပို၍ တင်းတင်းကျပ်ကျပ်ဖက်လိုက်ရင်း သူမက ပြောကြားသည်။
ရီဟန်မှ ထိုသူအား မည်သို့သော ယုံကြည်ချက်များကြောင့် သူမတို့အား လိင်ကျွန်ပြုရကြောင်း ထိုသူကို မေးမြန်းသည်တွင် ထိုသူက "အစ္စလာမ်အရ ယာဇီဒီအမျိုးသမီးများကို လိင်ကျွန်ကုန်ကူးခွင့်ရှိတယ်" ဟု စူးစူးဝါးဝါး အော်ဟစ်ဖြေကြားခဲ့သည်။
၁၀ လခန့် ထိုသူအိမ်၌ ရက်စက်မှု၊ အလွဲသုံးစားလုပ်မှုများဖြင့် လက်ပွန်းတတီးနေခဲ့ပြီးနောက် သူမဘဝမှာ ရှင်လျက်နှင့်သေသလိုဖြစ်ခဲ့ရပြီး ထိုသူ မည်သည့်အချိန်၌ မုဒိမ်းကျင့်လိုသည်ဖြစ်စေ ခွင့်ပြုပေးခဲ့ရသည်။ သို့ရာတွင် သူကိုယ်ကို သတ်သေဖို့စိတ်ကူးကိုမူ စွန့်လွှတ်ခဲ့ပေသည်။ အကြောင်းမှာ သူမသေလျှင် သူမကလေးကို လုပ်ချင်သလိုလုပ်လိုပ်ကြမည်ကို သူမကြောက်ရွံ့၍ဖြစ်သည်။
ထို့နောက် သူမကို မိုဆူးလ်ရှိ အိုင်ဆစ်တိုက်ခိုက်ရေးသမားထံသို့ ရောင်းချသည်။ ထိုမှသည် အစ္စလမ္မစ်စတိတ်မှ မြို့တော်ဟု ၎င်းတို့ကိုယ်ကို သတ်မှတ်ထားသော ဆီးရီးယားနိုင်ငံရှိ ရာကာမြို့မှ လစ်ဗျားလူမျိုးတစ်ဦးထံသို့ တတိယအကြိမ် ရောင်းချခြင်းခံရသည်။
ထိုသူ၏ လိင်ကျွန်အဖြစ် သူမ ရက် ၂၀ ခန့် နေခဲ့ရသည်။ သူမထက်အရင် ရောက်နေနှင့်သော အသက် ၂၂ နှစ် အရွယ်နှင့် အသက် ၁၅ နှစ်အရွယ် ယာဇီဒီမိန်းကလေးနှစ်ယောက်တို့နှင့် အိမ်တစ်လုံးထဲ၌ အတူနေရသည်။ ထို့နောက်တွင် အရွယ်ကြီးမိခင်တစ်ဦးနှင့် သူမ၏ ၅ နှစ်အရွယ် သမီးငယ်လေးတို့ ထပ်မံရောက်ရှိလာသည်။
ထိုအိမ်၌ရှိစဉ်အတွင်း ရီဟန်သည် လွန်စွာအော့နှလုံးနာဖွယ်အဖြစ်တစ်ခုကို တွေ့မြင်ခဲ့ရသည်။ သို့ဖြစ်၍ "ဘာဖြစ်ဖြစ် ထွက်ပြေးတော့မယ်" ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
ရီဟန်ပြောပြသည့် ရွံရှာဖွယ် အဖြစ်အပျက်မှာ ဤသို့ဖြစ်သည်။
လစ်ဗျားလူမျိုး အိုင်ဆစ်တဏှာရူးမှ အိမ်ထဲသို့ဝင်၍ အမေဖြစ်သူနှင့် ငါးနှစ်အရွယ် သမီးငယ်ကို ဆွဲထုတ်လာသည်။
ထို့နောက် အခန်းတစ်ခုထဲသို့ သားအမိနှစ်ယောက်ကို ခေါ်ဆောင်သွားကာ ပထမ မိခင်ကို မုဒိမ်းကျင့်သည်။ ထို့နောက် ၅ နှစ် အရွယ် ကလေးငယ်ကို ဆက်၍ မုဒိမ်းကျင့်ခဲ့သည်။
နောက်ဆုံးတွင် ရီဟန်သည် ဆုံးဖြတ်ချက်ပိုင်ပိုင်ချပြီး ဟီဂျဗ်တစ်ခုကို ခိုးယူဝတ်ဆင်ပြီး ဆီးရီးယားလူမျိုးတစ်ယောက်၏အိမ်ကို ထွက်ပြေးခဲ့သည်။ ထိုအိမ်မှ ဒိုဟက်ရှိ သူမ၏အရွယ်အိုမိခင်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။
ထိုအိမ်၌ ရက်အတန်ကြာ ပုန်းအောင်းနေရပြီးနောက် ထိုဆီးရီးယားလူမျိုးမှ ၎င်းအား အမေရိကန်ဒေါ်လာ ၁၅၀၀၀ ပေးလျှင် သူမနှင့်ကလေးကို နယ်စပ်သို့ ပို့ပေးမည်ဟု ဆိုသည်။
ရီဟန်မှ မိခင်ကို ထိုအကြောင်းပြောပြပြီး မိခင်မှလည်း ကူညီရေးအဖွဲ့များ၏အကူအညီဖြင့် ငွေရယူခဲ့သည်။ ရာကာတွင် နှစ်ရက်ခန့်နေရပြီးနောက် ဆီးရီးယားလူမျိုးက သူမကို အီရတ်-ဆီးရီးယားနယ်စပ်ရှိ ဖစ်ရှ်ခါဘာသို့ ကားမောင်းပို့ပေးခဲ့ကာ ထိုနေရာ၌ သူမနှင့် သူမမိခင်တို့ ပြန်လည်တွေ့ဆုံခဲ့ကြသည်။
ထိုမှသည် ဒိုဟက်ခ်သို့ ခရီးဆက်ခဲ့သည်။ သူမ ယခု သူမ၏မိခင်၊ သူမ၏သားလေးတို့နှင့်အတူ ခန်ကီဒုက္ခသည်စခန်း၌ နေထိုင်နေပါသည်။ အိုင်ဆစ်က သူမ၏ယောက်ျား၊ သူမ၏ဖခင်နှင့် သူမ၏ညီအမနှစ်ယောက်ကို ဖမ်းဆီးထားဆဲဖြစ်ပါသည်။ သို့သော် သူမအနေဖြင့် သူတို့အသက်ရှင်နေဦးမည်ဟု မမျှော်လင့်တော့ပါ။
"ကျွန်မအီရတ်က ထွက်ခွာချင်တယ်။ ဒါပေမယ့် ကျွန်မမှာ ဘာမှမရှိတော့ဘူး။ ယောက်ျားမရှိတော့ဘူး။ ကျွန်မ (ဒီနိုင်ငံမှာ) ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး" ဟု သူမက ပြောကြားသည်။
ရီဟန်နှင့် သူမ၏သားလေးအနီးတွင် နေထိုင်သူသည်လည်း ယာဇီဒီအမျိုးသမီးတစ်ယောက်ပင် ဖြစ်သည်။ ဘာဖိုဟူ၍သာ အမည်သိထားသည်။ သူမသည်လည်း အိုင်ဆစ်လက်ထဲ၌ ထိတ်လန့်ကြောက်ရွံ့ဖွယ် အလွဲသုံးစားမှုများကို ခံစားခဲ့ရသူဖြစ်သည်။
စကားကို တိုးတိုးညင်သာစွာပြောတတ်သော အသက် ၂၅ နှစ် အရွယ် အမျိုးသမီးက ရက်စက်သောတဏှာရူးများ၏ ပြန်ပေးဆွဲပြီး နေ့စဉ်နှင့်အမျှ လိင်အလွဲသုံးစားပြုခဲ့ပုံများကို ပြန်ပြောပြသည်။
မှတ်မှတ်ရရ သြဂုတ်လ ၃ ရက်နေ့က ဖြစ်သည်။ အစ္စလမ္မစ်စတိတ်တိုက်ခိုက်ရေးသမားများက သူမတို့မြို့ စင်ဂျာကို သိမ်းပိုက်ကာ သူမနှင့် ရာပေါင်းများစွာသော မိန်းကလေးများကို ပြန်ပေးဆွဲသွားပြီး တယ်လ်အဖာမြို့၌ လေလံတင် ရောင်းချသည်။
သူမကို အသက် ၃၅ နှစ် အရွယ် အိုင်ဆစ်တိုက်ခိုက်ရေးသမားတစ်ဦးထံသို့ ရောင်းချသည်။ ထိုသူက သူမကို အီရတ်အနောက်မြောက်ပိုင်းရှိ ၎င်းအိမ်ရှိရာမြို့သို့ ခေါ်ဆောင်သွားသည်။
"သူကျွန်မကို ထိမယ်လုပ်တော့ ကျွန်မငိုမိတယ်" ဟု သူမက ပြောကြားသည်။
သူမမှ ထိုသူလက်မှရုန်းကန်သည်။ သို့သော် ထိုသူ၏ မုဒိမ်းကျင့်မှုကို မတားဆီးနိုင်။ "ကျွန်မသူ့ကို ပြန်သတ်တယ်။ ကျွန်မ မနိုင်ဘူး။ သူက ယောက်ျားအားကြီးနဲ့လေ" ဟု သူမက ပြောပြသည်။ သူမကို ကုတင်နှင့်တွဲကြိုးတုပ်ပြီး ငြိမ်ငြိမ်နေစေရန် မော်ဖင်းထိုးခဲ့သည်။
ပထမအကြိမ် မုဒိမ်းကျင့်ခံရပြီးနောက် ထိုသူ၏သေနတ်ကိုလုပြီး သူမကိုယ်ကိုပစ်၍ သတ်သေရန် ကြိုးစားခဲ့သည်။ သို့သော် သူမခလုပ်မဆွဲခင်မှာပင် ထိုသူက တားဆီးနိုင်ခဲ့သည်။
သုံးလခန့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများကို ဆက်တိုက်ခံစားခဲ့ရပြီးနောက် သူမကို မိုဆူးလ်သို့ ခေါ်ဆောင်သွားခဲ့သည်။ မိုဆူးလ်၌ ဘာဒွက်ရှ်ထောင်ထဲတွင် သုံးလခန့်နေခဲ့ရသည်။
ထို့နောက် နယ်စပ်ကိုဖြတ်၍ အစ္စလမ္မစ်စတိတ်၏ ဆီးရီးယားနယ်မြေအခိုင်အမာစခန်း ရာကာသို့ ရောက်သွားခဲ့သည်။ ထို၌ သူမကို အသက် ၃၀ အရွယ် အာရဗ်တစ်ဦးသို့ ရောင်းချခဲ့သည်။
"ဒီလူက သူနှင့်အိပ်ခိုင်းတယ်။ ပြီးရင် ရိုက်တယ်။ တစ်ခါသား သူရိုက်တာပြင်းလွန်းလို့ ကျွန်မနှစ်လလောက် လမ်းမလျှောက်နိုင်ဘူး" ဟု သူမက ပြောပြသည်။
ထိုသူက သူမကို တစ်နေ့လျှင် ၆ ကြိမ် အလ္လာဟ်အား ဝတ်ပြု၊ ကုရ်အာန်အား ဖတ်ခိုင်းသည်။ ငြင်းဆန်လျှင် ရိုက်သည်။
ဆီးရီးယားတွင် ရှိနေစဉ်အတွင်း သူမကို အနည်းဆုံးအိုင်ဆစ်စစ်သား ၄ ယောက်ထံသို့ လိင်ကျွန်အဖြစ် ရောင်းချခြင်း ခံခဲ့ရသည် တစ်ခါတွင် အာရဗ်တစ်ဦးကို ကလန်ကဆန်ပြုမိသဖြင့် ထောင် ၁၀ ရက် ချထားခြင်းလည်း ခံခဲ့ရသည်။
အမျိုးသမီးသည် သူမတို့အား ကရုဏာသက်မိသော အိုင်ဆစ်စစ်သားတစ်ဦးက အာဖရင်မြို့သို့ ကားမောင်းပို့ပေးရာမှ လွတ်မြောက်ခဲ့သည်။
အာဖရင်၌ သုံးညနေပြီး နယ်စပ်ဖြတ်ကျော်ကာ သူမ၏မိခင်၊ သူမ၏ ကလေးအရွယ်မောင်လေးတို့နှင့် ပြန်လည်ဆုံစည်းခဲ့ရသည်။
သူမလွတ်မြောက်လာခဲ့သော်လည်း သူမ၏ ၁၄ နှစ် နှင့် ၁၅ နှစ်အရွယ် ညီမငယ်များမှာ မိုဆူးလ်၌ အိုင်ဆစ်လက်ထဲရှိနေဆဲဖြစ်သည်။
ဘာဖိုနှင့်တကွသော ခန်ကီဒုက္ခသည်စခန်းမှ ယာဇီဒီအမျိုးသမီးများမှာ အီရတ်မှ ထွက်ခွာသွားလိုကြသည်။ သို့ရာတွင် သူမတို့ဖခင်များမှာ ပျောက်ဆုံးနေသည့်အတွက် သူမတို့အတွက် လိုအပ်သည့် စာရွက်စတမ်းများဖြည့်စွက်မရ၊ ID ကဒ်မရ ဖြစ်နေကြသည်။
ပြီးခဲ့သည့်ရက်ပိုင်းကပင် အသက် ၁၄ နှစ်အရွယ် ယာဇီဒီမိန်းကလေးတစ်ဦးမှ သူမအား အိုင်ဆစ်စစ်သွေးကြွများ လက်ထဲသို့လေလံတင်မရောင်းချမီ သူမအပျိုစစ်/မစစ် သိရှိရန် ဆေးပညာဆိုင်ရာစမ်းသပ်မှုများပြုခဲ့သည်ဟု ပြောကြားခဲ့သည်။
ယခုနှစ် မေလအတွင်းကလည်း အသက် ၁၇ နှစ် အရွယ် ယာဇီဒီမိန်းကလေးနှင့် သူမ၏ ညီမလေးတို့သည် အပျိုစင်များအဖြစ် လိင်ကျွန်ဈေးကွက်၌ လေလံတင်ရောင်းချခံရပြီးနောက် နေ့စဉ်နှင့်အမျှ မုဒိမ်းကျင့်ခံခဲ့ရသည်။ သူမသည် ယခု ယုတ်မာသော ဂျီဟာ့ဒီနှင့်ရသော ကိုယ်ဝန်ရှိနေပေသည်။
သူမ၏ ကိုးလတာငရဲကာလအတွင်း အမျိုးမျိုးသော လိင်ပိုင်းဆိုင်ရာပြုကျင့်မှုများ နှင့် ရိုက်နှက်မှုများကို ခံစားခဲ့ရသည်။ အိုင်ဆစ်စစ်သွေးကြွသာမက ၎င်း၏သက်တော်စောင့်များ၏ မုဒိမ်းကျင့်မှုများကိုလည်း ခံခဲ့ရသည်။
အုပ်စုလိုက်မုဒိမ်းကျင့်မှုများကိုလည်း ခံခဲ့ရပြီး ကြိမ်နှင့်ရိုက်ကာ မုဒိမ်းကျင့်ကိုလည်း ခံခဲ့ရသည်။ အိုင်ဆစ်စစ်သွေးကြွ၏ လိင်လိုအင်ကို မလိုက်နိုင်သဖြင့် ပေါင်ကြားကို ကျိုက်ကျိုက်ဆူနေသောရေနွေးဖြင့် ပက်ခြင်းကိုလည်း ခံခဲ့ရသည်။
http://www.dailymail.co.uk/…/Tied-bed-injected-morphine-sta…














Comments

Popular posts from this blog

တချိန်းတုန်းက အင်ဒိုနီးရှား ဗုဒ္ဓသာသနာ

အိန္ဒိယနိုင်ငံက ဗုဒ္ဓသာသနာ

အိုင်အစ် စစ်သွေးကြွမုဒိမ်းပြုကျင့်