အစၥလာမ္ဘာသာမွ ဗုဒၶဘာသာသို့ ကူးပြောင်းလာသော အရှင်အင်္ဂုရ

#‎အမှန်တရားနဲ့ငြိမ်းချမ်းရေးအတွက်‬၊တစ်နည်းအားဖြင့်အမျိုးဘာသာသာသနာအတွက်အသက်ပေးရင်တောင် ပေးရပါစေဆိုပြီး ခံယူချက်နဲ့ လုပ်နေ တာ။
ရှမ်းမြောက်မ.ဘ.သအဖွဲ့ဥက္ကဋ္ဌဆရာတော်ဦးအင်္ကုရနှင့်တွေ့ဆုံခြင်း
******************************************
လားရှိုး ရှမ်း/မြောက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဆိုတာနဲ့ ဒီအဖွဲ့ကို အဓိကဦးဆောင်မောင်းနှင် သူဖြစ်တဲ့ ဆရာတော် ဦးအင်္ကုရကို သတိထားမိကြမှာပါ။ အဖွဲ့အစည်း ဖွဲ့ထားပြီးရင် တကယ်အလုပ်လုပ်ရမယ်လို့ ခံယူ ထားတဲ့ဆရာတော်ဦးအင်္ကုရဟာသူကိုယ်တိုင်လည်းအမျိုးဘာသာသာသနာဆိုင်ရာလုပ်ငန်းတွေကို လုပ်ငန်းစဉ်ကျ ကျ၊ တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင်သူပဲဖြစ်ပါတယ်။ဆရာတော်ဟာဟိုအရင်ကတည်းက ထေရဝါဒဓမ္မကွန်ရက် နာယကဆရာတော်တစ်ပါးအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီးဆရာတော်ဦးဣန္ဒာစက္ကာဘိဝံသ၊ဆရာဦးအောင်မြိုင်(မစိုးရိမ်စာသင်သား)တို့နဲ့ အဓမ္မဝါဒရှင်းလင်းဖော်ထုတ်ရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်နယ်ရှမ်း/မြောက်မဘသအဖွဲ့ဥက္ကဋ္ဌဆရာတော်ဦးအင်္ကုရရဲ့ဘာသာသာသနာဆိုင်ရာခံယူချက်တွေ၊လုပ်ဆောင်ချက်တွေကိုသိစေဖို့ တွေ့ဆုံမေးမြန်း ဖော်ပြပေးလိုက်ပါတယ်။
မေး / / ရှမ်း/မြောက် လားရှိုးမဘသရဲ့ အမျိုးသားရေးဆိုင်ရာ ဆောင်ရွက်ချက်တွေထဲ က မှတ်တမ်းတင်ချီးကျူးခံရတဲ့ကိစ္စတွေထဲမှာ လားရှိုး မဘသနှစ်ပတ်လည် ညီလာခံကြီးကို ၁ဝ ရက်ကြာ ထူးထူးခြားခြား ကျင်းပခဲ့တာ လည်း ပါဝင်ပါတယ်ဘုရား။ ဒီအတွက် လားရှိုး မဘသ ဖြစ်တည်လာပုံနဲ့ အရှင်ဘုရားရဲ့ဆောင် ရွက်ချက်တွေကို မိန့်ပါဦးဘုရား။
ဖြေ / / တကယ်တမ်းပြောရမယ်ဆိုရင် တော့ မဘသအဖွဲ့ဆိုပြီး ပေါ်မလာခင် ၂ဝဝ၈ လောက်ကတည်းက မန္တလေး က ဦးဣန္ဒာစက္ကာဘိဝံသတို့၊ ဆရာဦး အောင်မြိုင်(မစိုးရိမ်စာသင်သား)တို့နဲ့ အ တူလက်တွဲပြီး အဓမ္မဝါဒဖော်ထုတ် ရှင်း လင်းရေးလုပ်ငန်းတွေကို ဦးဇင်း လုပ် ဆောင်လာခဲ့တာပါ။ ရခိုင်အရေးအစရှိ တဲ့ ပဋိပက္ခတွေဖြစ်ပြီးတဲ့နောက်မှာ မဘသအဖွဲ့(ဗဟို) ပေါ်လာတယ်။ အဲဒီ အချိန်မှာ ဦးဇင်းတို့ လားရှိုးမှာလည်း မဘသအဖွဲ့ ဖွဲ့စည်းဖို့လုပ်တဲ့အချိန် သ တင်းနဲ့ ပြန်ကြားရေးဆိုပြီး ဦးဇင်း ပါဝင် ခဲ့တယ်။ ဒီလိုနဲ့ နောက်ပိုင်းကျတော့ ကိုယ့်အဖွဲ့အစည်းကို ဖွဲ့စည်းပုံစည်းမျဉ်း စမ်းကမ်းတွေနဲ့ စနစ်ကျဖို့၊ အဖွဲ့ဖွဲ့စည်း ပြီး တကယ်အလုပ်လုပ်ဖို့ ပါဝင်ဆောင် ရွက်ရင်းနဲ့ ခုလောက်ထိ လုပ်ဖြစ်လာ တာလို့ ပြောရမှာပေါ့။
မေး / / မဘသမဖွဲ့ခင်တုန်းက ဆရာဦးအောင် မြိုင်တို့နဲ့ အဓမ္မဝါဒဖော်ထုတ်ရေးတွေလုပ်ခဲ့တယ် ဆိုတော့ အရှင်ဘုရားက ဘယ်လိုအခန်းကဏ္ဍ တွေကနေ ပါဝင်ဆောင်ရွက်ခဲ့တာလဲ။
ဖြေ / / အဓမ္မဝါဒဖော်ထုတ်ရေးကိစ္စ တွေနဲ့ပတ်သက်ပြီး ဦးဣန္ဒာစက္ကာဘိဝံ သတို့၊ ဦးအောင်မြိုင်တို့နဲ့ ချိတ်ဆက်မိ တာကတော့ ၂ဝဝ၈ လောက်ကတည်း ကပါ။ ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့မှာ ထေရဝါဒဓမ္မကွန်ရက်ဖွဲ့ တော့ ဖွဲ့စည်းတဲ့အခမ်းအနားကို ဦးဇင်း ကိုယ်တိုင် ကိုယ်ကျတက်ရောက်ခဲ့ပြီး ထေရဝါဒဓမ္မကွန်ရက် နာယကဆရာ တော် ၁၆ ပါးထဲမှာလည်း ဦးဇင်းက အသက်အငယ်ဆုံး၊ ဝါအငယ်ဆုံး နာ ယကဆရာတော်အနေနဲ့ ပါဝင်လာခဲ့ တယ်။
အဲဒီတုန်းက ထေရဝါဒဓမ္မကွန် ရက်ရဲ့ လုပ်ငန်းစဉ်ထဲမှာပါဝင်တဲ့ အဓမ္မ ဝါဒတွေကို ဖော်ထုတ်ပြီးတော့ ဝိနိစ္ဆယ စွဲဆိုရေးကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့ လေးကျွန်းစကြာကျောင်းတိုက်က ဆ ရာတော်ဦးကာရုညသိဒ္ဓိရဲ့ အမှုကိစ္စက ပေါ်လာတယ်။ အဲဒီအချိန်မှာ ဦးကာရု ညသိဒ္ဓိရဲ့ အဓမ္မဝါဒကို ဖော်ထုတ်ရှင်း လင်းဖို့အတွက် စောဒနာလွှာ(အမှုဖွင့် တိုင်ကြားလွှာ)ကို ဦးဣန္ဒာတို့၊ ဦးအောင် မြိုင်တို့နဲ့ သဘောတူညီချက်ယူပြီး ဦး ဇင်းပဲ အဓိကရေးခဲ့တာပါ။
နောက်တစ်ခုက ဦးဇင်းတို့လားရှိုး မြို့မှာ ၂ဝဝ၈ ခုနှစ်ကတည်းက စိတ္တ သုခ အခမဲ့တရားတော် ဖြန့်ဝေရေးအ ဖွဲ့ကို တည်ထောင်ပြီးတော့ ဗုဒ္ဓတရား တော်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့် ဝေနိုင်ခဲ့တာလည်း အခုထိပါပဲ။ အခု တော့ မဘသအဖွဲ့ဆိုတာလည်း ဖြစ် လာခဲ့ပါပြီ။
မေး / / မှန်ပါ့ဘုရား။ ပွင့်ပွင့်လင်းလင်းပြောရ ရင် အရှင်ဘုရားက အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာသာကို ပြောင်းလာတယ်လို့ သိရပါတယ် ဘုရား။ အဲဒီတော့ ဘာဖြစ်လို့ အစ္စလာမ်ဘာသာ ကို စွန့်ပြီး သင်္ကန်းဝတ်ရဟန်းဖြစ်လာရတယ် ဆိုတာလေး သိချင်ပါတယ်။
ဖြေ / / ဦးဇင်းရဲ့အသက် ၁၇ နှစ်သား လောက်ထိ ဗုဒ္ဓဘာသာအကြောင်း ဘာ မှမသိသလို ဗုဒ္ဓဘာသာကိုလည်း ယုံ ကြည်မှုမရှိသေးဘူး။
တစ်နေ့ကျတော့ ည ၇ နာရီခွဲ လောက်မှာ ပဋ္ဌာန်းရွတ်သံကို ကြား ပြီးတော့ ဦးဇင်းရဲ့စိတ် ကြည်လင်လာ တယ်။ ဘာအဓိပ္ပာယ်မှန်း မသိဘဲနဲ့ ဒီ အသံကြားပြီးတော့တောင် စိတ်ကြည် လင်တယ်ဆိုတော့ ဒီအသံရဲ့အဓိပ္ပာယ် ဘာလဲဆိုတာ သိချင်တယ်လို့ ဗုဒ္ဓဘာ သာ သူငယ်ချင်းကို မေးတာပေါ့။ သူ လည်း ကောင်းကောင်းမသိဘူး။ မင်း တကယ်သိချင်တယ်ဆိုရင်တော့ ဘုန်း ကြီးတွေကိုမေးမှတဲ့။ ဘုန်းကြီးတိုင်း သိ ချင်မှသိမှာတဲ့။ မင်းသင်္ကန်းဝတ်မှပဲ တကယ်သိရလိမ့်မယ်တဲ့။ အဲဒီနေ့က စပြီး ဘုန်းကြီးဝတ်ဖို့ကိစ္စကို တစ်လ ကျော်လောက် ဦးဇင်းစိတ်ကစွဲပြီး ဘုန်း ကြီးဝတ်ဖြစ်ခဲ့တာ။
မေး / / သင်္ကန်းဝတ်ပြီးတဲ့ အချိန်မှာရော အရှင်ဘုရား သိချင်တဲ့ တရားတော်တွေကို ဘယ် လို လေ့လာလိုက်စားခဲ့ပါသလဲ အရှင်ဘုရား။
ဖြေ / / စိတ္တသုခကျောင်းမှာ သင်္ကန်း ဝတ်ပြီးတဲ့နောက် ဒီလိုဗုဒ္ဓစာပေတွေကို ဘယ်လိုနေရာမှာ သိနိုင်မလဲ၊ ဘယ်ကို သွားပြီး သင်ယူရမလဲ စုံစမ်းလိုက်တော့ ပခုက္ကူမှာ ပိဋကတ်သုံးပုံလုံးသင်တယ်၊ သင်ချင်တယ်ဆိုရင် ပခုက္ကူကိုသွားရ မယ်တဲ့။
ပခုက္ကူ စာသင်တိုက်ကိုရောက် တဲ့အချိန်မှာ ဒီစာတွေသင်ချင်ပါတယ် ဆိုပြီး ဦးဇင်း ပထမတစ်ခါလျှောက် တယ် မရခဲ့ဘူး။ နောက်တစ်ခေါက် ဒု တိယတစ်ခါလျှောက်တယ်၊ မရခဲ့ဘူး။ အဲဒီလိုနဲ့ နောက်ဆုံးတတိယအခါကျ တော့ ကမ္မဝါ ၈ စောင်၊ လက်တစ်လုံး လောက်ရှိတဲ့ ပခုက္ကူဝတ်ရွတ်စဉ်ကို ရ ရင် စာသင်တိုက်မှာ စာသင်ခွင့်ပေးမယ် ဆိုလို့ မရရအောင်ကျက်ပြီးမှ စာသင် ခွင့်ရခဲ့တာပါ။ အဲဒီတုန်းက ကိုယ်က နမောတဿလောက်ပဲ ကြားဖူးသေး တာလေ။
အဲဒီလိုနဲ့ ပခုက္ကူမြို့၊ မဟာဝိသု တာရာမ၊ ပခုက္ကူအလယ်တိုက်ဆိုရင် အားလုံးသိကြပါတယ်။ အလယ်တိုက် မှာ အာဂုံစာတွေကိုကျက်ပြီး ပရိယတ္တိ စာပေတွေကို ဦးဇင်း ကျမ်းကြီးပေါက် သင်ယူ လေ့လာခဲ့ပါတယ်။
မေး / / မှန်ပါ့။ ခုနောက်ပိုင်းမှာ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကိုရော ဘယ်လိုခံယူချက်မျိုးနဲ့ အ ရှင်ဘုရား လုပ်ဆောင်ဖြစ်လာခဲ့တာလဲဆိုတာကို လည်း မိန့်ပါဦးဘုရား။
ဖြေ / / ဦးဇင်း ဒီအလုပ်တွေ လုပ်နေ တာက ဘယ်သူ့အတွက်လုပ်နေတာမှ မဟုတ်ဘူး။ ဗုဒ္ဓအဆုံးအမ ဗုဒ္ဓသာသ နာတော်ကြီး ပျောက်ကွယ်မသွားအောင် လုပ်ဆောင်နေတာပါ။
မြန်မာလူမျိုးဆိုတာ ဗုဒ္ဓဘာသာ ကို ကိုးကွယ်နေတဲ့ လူမျိုး၊ ဗုဒ္ဓဘာသာ ဆိုတာ အမှန်တရားနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်။ ဗုဒ္ဓဘာသာကို ကိုးကွယ် နေတဲ့ ဒီလူမျိုး၊ ဒီတိုင်းရင်းသားတွေ မပျောက်မှ ဗုဒ္ဓဘာသာ မပျောက်မှာ။ ဗုဒ္ဓဘာသာ မပျောက်မှ ဗုဒ္ဓရဲ့အဆုံး အမတွေ မပျောက်မှာ။ ဗုဒ္ဓရဲ့ အဆုံးအ မ ဗုဒ္ဓသာသနာတော်မပျောက်မှ အမှန် တရားနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်လည်း ဆက်လက်ပြီးတော့ ထွန်းကားမှာလေ။အဲဒါကြောင့်မို့ ဒီလူမျိုး ဒီဘာသာနဲ့ ဒီသာသနာပျောက် ကွယ်မသွားရ အောင်လို့ဆိုတဲ့ ခံယူချက်နဲ့ အမျိုးသား ရေးအလုပ်တွေကို ဦးဇင်းလုပ်နေရတာ ပါ။
ပွင့်ပွင့်လင်းလင်းပြောရရင် ဦးဇင်း က အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာ သာကို ပြောင်းလာခဲ့သူပါ။ ဘယ်ဘာ သာဝင်ရဲ့ စိတ်ဓာတ်က ဘယ်လို၊ ဘယ်ဘာသာဝင်တွေ ဘယ်လိုအလုပ် တွေလုပ်နေတယ်ဆိုတာ ဦးဇင်းကောင်း ကောင်း သိတာပေါ့။
မေး / / အရှင်ဘုရားက တစ်ဘက် ဘာသာက နေလည်း ဗုဒ္ဓဘာသာကို ပြောင်းလာတယ်။ ဒီ ဘက်ရောက်တော့လည်း အမျိုးသားရေးအလုပ် တွေကို ရှေ့ထွက်ပြီး လုပ်နေတယ်ဆိုတော့ အ ရှင်ဘုရားအပေါ် ခြိမ်းခြောက်တာ၊ ဝေဖန်တာ တွေ ခံရတာမျိုးရော ရှိလားဘုရား။
ဖြေ / / ရှိတာပေါ့။ ဦးဇင်း ဒီအလုပ် တွေ လုပ်နေတဲ့အတွက် ဦးဇင်းကို တုတ်နဲ့ ဓားနဲ့ ပူဇော်မယ့်လူတွေက စောင့်နေကြတာ။ အပြင်ထွက်ရင် လည်း သတိထားနေရတာ။ ဦးဇင်းကို သတ်ဖို့ ဖြတ်ဖို့လာကြတာလည်း ခဏခ ဏပဲ။ တစ်ခါတော့ မိဖူးတယ်။ သိန်း ဝင်းဆိုတဲ့တစ်ယောက်။ ဓားရှည်နဲ့ ဓားမ နဲ့ကို ပုဆိုးနဲ့ထုတ်ထားပြီး ဓားမြှောင်က ခါးကြားထဲမှာ ထိုးထားတယ်။ ဦးဇင်းကို လုပ်ကြံဖို့ ကျောင်းနားမှာလာချောင်း နေတာ မိသွားပြီး ထောင် ၆ လကျ သွားတယ်။
ဆိုတော့ ဦးဇင်း အမျိုးသားရေး အလုပ်ကို လုပ်နေရတယ်ဆိုတာက အဲ ဒီလိုမျိုး သတ်မယ် ဖြတ်မယ်ဆိုတဲ့အ သံတွေ၊ ကြမ်းတမ်းမှုတွေကြားထဲက နေ ရှေ့တိုးနေရတာ။ ဒီကြားထဲ ဒီဘက် ကလည်း ဦးဇင်းက အစ္စလမ်ဘာသာ ကနေ ပြောင်းလာတယ်ဆိုပြီး စုံ ထောက်ပဲလာလုပ်သလိုလို၊ အတွင်းထဲ ကနေပဲ မဘသကို သွေးကွဲအောင် လာလုပ်သလိုလို ဝေဖန်တာမျိုးလည်း ကြားရပါတယ်။ ဦးဇင်းအတွက်တော့ ဒီလို အတိုက်အခိုက်တွေက ရိုးနေပါပြီ။ အမှန်တရားနဲ့ ငြိမ်းချမ်းရေးအတွက်၊ တစ်နည်းအားဖြင့် အမျိုး ဘာသာ သာ သနာအတွက် အသက်ပေးရင်တောင် ပေးရပါစေဆိုပြီး ခံယူချက်နဲ့ လုပ်နေ တာ။ အဲဒီလောက် ဝေဖန်မှုတွေကို တော့ ဂရုစိုက်နေမှာ မဟုတ်ဘူး။
မိုးအောင်လင်းနိုင်တွေ့ဆုံမေးမြန်းသည်။
Credit to မူရင်းပိုင်ရှင်


Comments

Popular posts from this blog

တချိန်းတုန်းက အင်ဒိုနီးရှား ဗုဒ္ဓသာသနာ

အိန္ဒိယနိုင်ငံက ဗုဒ္ဓသာသနာ

အိုင်အစ် စစ်သွေးကြွမုဒိမ်းပြုကျင့်