ဖတ်ကြည့်ပါ သူတော်ကောင်းတို့



ဖတ်ကြည့်ပါနော်သူတော်ကောင်းတို့
*********************
ဒီးနွားလေးက ကျုံပျော်ဇရစ်ရိုးက
နွားဦးတိုက်ဆရာတော်ရဲ့နွားလေးပါ။
ဆရာတော်တရားပွဲသွားတိုင်းဆရာတော်နောက်
လိုက်ပြီးသာသနာပြုတယ်။တရားပွဲပြီးတိုင်းဆရာတော်
ကိုဦးတိုက်လေ့ရှိတယ်။
ဝက်ကလေးကတော့မကြာ
သေးခင်ကမှတရားပွဲတခုမှာနွားဦးတိုက်တာမြင်တော့
သူလည်းလိုက်ဦးတိုက်တယ်။ဆရာတော်လည်းအဲ့ဒီ
ဝက်ကလေးကိုပိုင်ရှင်ဆီကအလှူခံလာခဲ့တာ။
တော်တော်ထူးဆန်းပါတယ်။
ဒီနွားနဲ့ဝက်ကလေးကအတူတူနေတယ်
အတူတူစားတယ်။ထူးခြားတာအများကြီးရှိပါ
တယ်ရေးစက်လို့ပဲပြောရမလား။
နွားလေးကတော့သာသနာပြုရင်းပြီးခဲ့
တဲ့လေးငါးရက်ကမှအသက် ၂၀ မှာသေ
ဆုံခဲ့တယ်။
ဒီနွားလေးသေတော့ဝက်ကလေးလဲ
တော်တော်ခံစားရတယ် နွားလည်ပင်းကြိုးကို
ဆွဲပြီးနွားကိုနိုးလိုက် နွားကိုယ်ပေါ်တက်လိုက်
မြေပေါ်မှာလှိမ့်လိုက်နဲ့မျက်ရည်တောက်တောက်
ကျပြီးငိုလိုက် ဆရာတော်ဆီပြေးသွားလိုက်နဲ့
တော်သနားဖို့ကောင်းပါတယ်။
နွားကိုဂူသွင်းမဲ့
ကွန်ကရစ်ပေါ်မှာလဲပြီးမျက်ရည်ကျလိုက်နဲ့ သတ္တဝါ
တွေ့ရဲ့ချစ်ခြင်းမေတ္တာကို သူတော်ကောင်းတို့
မြင်တွေ့ရအောင် မျှဝေပေလိုက်ပါတယ်။
ရတနာသုံးပါးဦးထိပ်ထားလျှက်။
Credit>>> original writer





Comments

Popular posts from this blog

တချိန်းတုန်းက အင်ဒိုနီးရှား ဗုဒ္ဓသာသနာ

အိန္ဒိယနိုင်ငံက ဗုဒ္ဓသာသနာ

အိုင်အစ် စစ်သွေးကြွမုဒိမ်းပြုကျင့်